Subscribe

RSS Feed (xml)

Powered By

Skin Design:
Free Blogger Skins

Powered by Blogger

Loading .....

Monday, October 22, 2007

လိပ်စာပြောင်းချင်း

ကျွန်တော် http://saturngod.mysteryzillion.com မှာပြောင်းရေးနေပါတယ်... ကျွန်တော် blog ရဲ့ About မှာ ဒီလိုရေးထားပါတယ်...


ကျွန်တော့် blog လေးမှာ နည်းပညာအကြောင်းနဲ့ UCSY အကြောင်းလေးကိုသာ အေးအေးဆေးဆေးပြောဆို ဆွေးနွေးလိုပါတယ်.. နိုင်ငံရေးအကြောင်းတွေ.. ညစ်ညမ်းတာတွေကို မပြောဆိုစေချင်ပါဘူး.. လာရောက်ဖတ်ရှုတဲ့ ပရိတ်သတ်ကြီးကို ကျေနပ်မှုတွေပေးချင်ပါတယ်.. ပျော်ရွှင်မှုတွေ ပေးချင်ပါတယ်… ဗဟုသုတတွေ မျှဝေချင်တယ်.. ကိုယ့် ယူဆချက်လေးတွေကို ပြောချင်တယ်.. ဒါကြောင့် blog ပြန်ရေးတာပါ..

Blogger ကြီးပိတ်သွားပေမယ့်..
Blog ရေးပြီး မျှဝေချင်တဲ့ စိတ်က သေမသွားဘူး…
နည်းပညာအကြောင်းတွေ ပြောမဝဘူး…
အခုထက်ထိ ရှင်သန်ဆဲပဲ…
ငါပြန်လာပြီ…
Blog ပေါ်ပြန်လာပြီ…
နိုင်ငံရေးအကြောင်း လာမပြောနဲ့…
နားမထောင်ချင်ဘူး..
နည်းပညာအကြောင်းဆို ကြိုဆိုတယ်..
UCSY ကျောင်းသားဆို ကြိုဆိုတယ်..
နည်းပညာသမားဆို ကြိုဆိုတယ်..
လေ့လာလိုသူတွေကို ကြိုဆိုတယ်..
ဆွေးနွေးလိုသူတွေကို နွေးထွေးမယ်..
ငါပြန်လာခဲ့ပါပြီ…
ငါအခုထိ ရှင်သန်ဆဲပဲ…
ကျဆုံးခြင်းဆိုတာ နေ့ရက်တိုပါ…
အောင်မြင်မှုအတွက် လမ်းခုလတ်ပါ…
နည်းပညာလောကမှာ ဆက်လက်ရှင်သန်မယ်…

Read More...

Tuesday, September 25, 2007

Windows vs Linux FAQ

အခုတလော
Ubuntu သုံးနေတယ်...
မဆိုးဘူး..
အကောင်းဆုံးလားဆိုတော့လည်း မဟုတ်ပါဘူး..
Windows လောက်ကောင်းလားဆိုတော့...
ကောင်းတာရှိတယ်.. မကောင်းတာလည်းရှိပါတယ်..
ဒါဆို ဘာတွေ ကောင်းလဲ...
ဘာတွေက မကောင်းဘူးလဲ...
ကျွန်တော် FAQ ပုံစံလေးနဲ့ပဲသွားလိုက်မယ်ဗျာ...

အခုတလော Linux ကိုလေ့လာနေတယ်ဆို။

ဟုတ်ပါတယ်။


ဘယ်လိုလုပ် လေ့လာဖြစ်တာလဲ။

ဇော်ဂျီအတွက် keyboard ရေးရင်းကနေပါ။


Linux အတွက် ဘယ် OS သုံးနေလဲ။

အဓိကတော့ Ubuntu 7.04 သုံးတယ်။ SuSe 10 ကိုလည်း သွင်းထားပါတယ်။ သူ့ကိုတော့ စမ်းစရာရှိမှ သုံးဖြစ်တယ်။


Windows ကိုစွန့်လွှတ်လိုက်ပြီလား။

မစွန့်လွှတ်နိုင်သေးပါဘူး။ စွန့်လွှတ်လို့လည်း မဖြစ်သေးဘူး။ ဘာဖြစ်လို့လည်းဆိုတာ နောက်မေးခွန်းတွေ ရောက်ရင် သိလာမှာပါ။


Windows နဲ့ Linux ဘယ်သူပိုသာလဲ။

Windows ပိုင်းကို ကျွန်တော် Windows Vista နဲ့ပြောမယ်။
Linux ကိုတော့ Ubuntu 7.04 နဲ့ ယှဉ်ပြောမယ်။
ဒီအကြောင်းက နည်းနည်းတော့ရှည်လိမ့်မယ်။

Windows Vista ရဲ့ GUI Internface ပိုင်းကတော်တော်လေးကောင်းပါတယ်။
Aero Glasss Effect ပေါ့။ ဒါပေမယ့် သူက Vista Support Graphic Card တောင်းတယ်။
Memory အနည်းဆုံး 1GB လောက်ရှိမှ အဆင်ပြေမှာ။
အဲလောက်မရှိပဲ သုံးရင် စက်ကလေးတယ်။ ဟမ်းသွားတတ်တယ်။
နောက်ပြီး Graphic card က နောက်ပိုင်းလာတဲ့ Express ကဒ်တွေနဲ့မှ အဆင်ပြေတယ်။
အရင်က VGA card တွေနဲ့ အဆင်မပြေဘူး။ ကျွန်တော်အခု VGA 256 MB Graphic Card သုံးနေတယ်။
Express Card ပြောင်းဖို့ Motherboard ပါပြောင်းရမှာမို့လို့ VGA Card ပဲသုံးလိုက်ရတာပါ။
Memory 512 နဲ့ပေါ့။ Windows Vista က လေးသွားတယ်။ Aero ကိုသုံးလိုက်ရင်ပေါ့။ သာမာန် classic နဲ့ဆိုတော့ အဆင်ပြေတယ်။
Windows Vista က တချို့ feature တွေက Linux ကနေ ကူးချထားသလိုပဲ။ ဟိုအရင်ကတည်းက Linux မှာရှိတာတွေပါတယ်။
Virus ကတော့ ဝင်မြဲဝင်ပါပဲ။ အစပိုင်းတော့ ခံနိုင်တယ်။ နောက်ပိုင်းတော့လည်း kaspersky လေးရှိလို့ ခံသာသွားတာ ။ IE 8 ထွက်သင့်နေပြီ။ အခုတော့ Firefox ကိုပဲ အဓိကထားသုံးဖြစ်တယ်။

Linux မှာ Desktop Effect ပါတယ်။ တော်တော်လန်းတယ်။ သူက Window Form ကိုရွှေ့လိုက်ရင် Windows Form က ဂျယ်လီတုံးလေးလို ရွေ့လာတာ။ တုန်တုန်လေးနဲ့ ချစ်ဖို့ကောင်းတယ်။ Windows တစ်ခုတက်လာလည်း တုန်တုန်လေးနဲ့။
ကျွန်တော့်စက်လည်း မလေးသွားဘူး။ နောက်ပြီး desktop နှစ်ခုမက ထည့်လို့ရတယ်။ ကျွန်တော်တို့ အောက်က task bar မှာ ဖွင့်ထားတဲ့ ဟာတွေ အရမ်းများနေရင် task bar မှာပြုံနေတာပဲ။ Linux မှာဆို အဲဒါတွေကို နောက်ထပ် Desktop တစ်ခုကို လွှဲလိုက်လို့ရတယ်။ သီချင်းဖွင့်ရင်အောက်က task bar မှာမမြင်ချင်ဘူး။ တခြား desktop ကိုပို့လိုက်တယ်။ အောက်က task bar မှာမရှိတော့ဘူး။ နောက်ထပ် desktop တစ်ခုရဲ့ task bar ကိုရောက်သွားပြီလေ။ အဲဒါလေးတွေက မိုက်တယ်။

ကျွန်တော်တို့ Linux သုံးရင် ပြသနာဖြစ်တာက Internet သုံးရတာပါ။
ကျွန်တော်တို့ Network ကဆိုရင်တော့ အေးတာပေါ့။
ကိုယ် Moderm နဲ့ဆိုသေပြီပဲ။ Linux အတွက် support driver တွေမရှိဘူးဗျ။
ဒါပေမယ့် driver ကို download ချလို့ရတယ်။ သူ့ free က 14Kb/s ပဲထွက်တယ်။
တကယ်ထွက်ရမှာက 56Kb/s လေ။ အရမ်းနှေးတယ်။ 56 Kb/s ထွက်ချင်ရင် ဝယ်ရတယ်။
ဝယ်ချင်ရင်တောင် ဒီက ဖြစ်နေလို့ ဝယ်လို့မရဘူး။ Linux Support ဖြစ်တဲ့ Moderm ကို ကျွန်တော်ဝယ်ချင်နေတာ။
Linux ကနေ Internet သုံးရတာ စိတ်ကုန်တယ်။

Windows မှာတော့ Internet ကတော်တော်မြန်တယ်။ Linux User တွေကပြောတော့ Linux ကပိုမြန်တယ်တဲ့။ ဒါပေမယ့် သူ့ကို support တဲ့ moderm ရှိမှလေဗျာ။ နောက်ပြီး windows ပိုင်းက programming တွေပဲ ကျွန်တော်တတ်တယ်။ Linux က programming တွေ ကျွန်တော်မတတ်ဘူး။ PHP ကို Linux မှာ run လို့ရပါတယ်။ ဒါပေမယ့် Rail run ဖို့ သွင်းရတာက internet ကနေ။ သေရော။ ဒီ speed နဲ့ ဘယ်လိုလုပ်သွင်းမလဲ။

ဒါကြောင့် ဘယ်သူသာလဲ ဆိုတာပြောရခက်တယ်။ ဒါက အနည်းငယ်ပဲပါ။ ဒီထက်ပြောရင် အရမ်းရှည်သွားမယ်။ ဒါကြောင့် မပြောတော့ဘူး။


Linux က ဘာလို့ Windows လိုမအောင်မြင်တာလဲ။

အင်း။ ဒီအကြောင်းလည်း တော်တော်ရှည်တယ်။ ကျွန်တော့် အမြင်အရပြောတာပေါ့။

Linux က အဓိက အချက်က Free ဖြစ်လို့။ တနည်းပြောရင် သူ့အတွက် Software တွေရေးရင် ပိုက်ဆံရမှာမဟုတ်ဘူး။ သူဌေးတွေ သုံးတာမှ မဟုတ်တာ။ သာမာန် ဖွံ့ဖြိုးဆဲတွေ သုံးတာများတယ်လေ။ Adobe ဆို Linux အတွက် မထုတ်ပေးဘူး။ Windows ရယ် Mac အတွက်ရယ်တော့ရှိတယ်။ သူ့ product က ဈေးကြီးတယ်။ Windows တောင် မဝယ်နိုင်တဲ့သူက သူ့ product ကြီးကို ဘယ်လိုလုပ်ဝယ်နိုင်မှာလဲဗျ။ မဟုတ်ဘူးလား။ နောက်ပြီး Linux က open source လေ။ သူက open source မပေးနိုင်ဘူး။ ဒါကြောင့်လည်း ပါတယ်။ အဓိကတော့ ဈေးကွက်မှာ ဝင်ငွေရနိုင်ချေနည်းတယ်။ Linux က အလကားပေးတာပဲ သုံးတဲ့ လူများတယ်။ ဝယ်မသုံးချင်ကြဘူး။ ဒါကြောင့် software ဈေးကွက်မရှိဘူး။ အရမ်း Pro ဖြစ်တဲ့ software တွေမရှိဘူး။ သုံးလို့ရတယ်ဆိုရုံလောက်ပဲ ရှိတယ်။ ဒါကြောင့် pro တွေက windows ကို သုံးရတယ်။ နောက်ပြီး windows က dell နဲ့တွဲထားတယ်လေ။ Dell ကလည်း နိုင်ငံတကာ ကျောင်းတွေနဲ့တွဲထားတယ်။ ဒါကြောင့် ကျောင်းသားတွေရဲ့ laptop မှာ windows တွေပဲ။ ဈေးပေါပေါနဲ့ရတယ်လေ။ နောက်ပြီး Game တွေ။ သူတို့ကလည်း Windows ကိုပစ်မှတ်ထားတယ်။ Windows မှာဆို သူတို့တွေက ဈေးကောင်းရနိုင်တယ်လေ။ Linux မှာဆို ရဖို့မလွယ်ဘူး။

Linux ကအဲလောက်အောင်မြင်မှုမရဘူး။ သူက အလကားရနေတာပဲ ။ ဘယ်သူမဆို ယူသုံးနိုင်တယ်။ software တွေက Opensource တွေပဲ။ အဲဒါတွေက တကယ် ဝါသနာအရင်းခံပြီး ရေးထားတာတွေလေ။ ပိုက်ဆံရဖို့လည်း မလွယ်ဘူး။ Linux ကို အထင်တော့ မသေးနဲ့ဗျ။ Google အစ Goobuntu ဆိုပြီး သူတို့ဘာသာ Ubuntu ကိုပြင်ပြီး သုံးနေတာ။ အခုချိန်ထိ မအောင်မြင်သေးတာက အရမ်းကောင်းမွန်တဲ့ Dreamweaver , Photoshop, Corel Draw , After Effect အဲလိုမျိုး software တွေ ရှားလို့။ နောက်ပြီး game တွေ မရှိဘူးလေ။ ကျောင်းတွေမှာတော့ Linux ကိုသင်ရပါတယ်။ ဒါပေမယ့်လည်း သင်တုန်းက ခဏလေ့လာဖြစ်တာပဲ။ နောက်တော့လည်း ကိုယ်ဝါသနာလမ်းကို လျှောက်ကြတာ။ Linux ကို ဝါသနာပါတဲ့လူရှိသလို Windows ဘက်ကို ဝါသနာပါတဲ့လူလည်းရှိတာပဲ။


Linux ကိုဘယ်သူတွေ သုံးသင့်လဲ။

သုံးတဲ့လူတွေကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ၊ windows ကို ဝယ်မသုံးနိုင်တဲ့လူတွေ ၊ နောက်ပြီး hardware ပိုင်းနိမ့်တဲ့သူတွေ လောက်ပဲ သုံးတာများတယ်။ Windows ဈေးကွက်ကကြီးတယ်လေ။ Ubuntu 8 လောက်ရင် ဘယ်လိုဖြစ်မလဲမသိဘူး။ Windows ကလည်း supporting အပြည့်မရှိဘူးလေ။ အခု Windows နဲ့ Mac က လူသုံးများတယ်။ Linux ကအဲလောက်များဘူး။ စဉ်းတော့ စဉ်းစားစရာပဲ။ လူတွေက ဆင်းရဲတာများတယ်လည်း ဆိုသေး ဘာဖြစ်လို့ Linux သုံးတာမများတာလဲ။ သေချာတာကတော့ လူတွေက အကောင်းကြိုက်တယ်။ ဈေးကြီးမှ ကောင်းတယ်ထင်တယ်။ အဲဒါတွေကြောင့်ဖြစ်မယ်ထင်တယ်။ ဆင်းရဲပေမယ့် ဈေးကြီးတာမှ သုံးချင်တယ်။ အဲလိုစိတ်ဓာတ်လေးတွေရှိလို့နဲ့တူတယ်။


ဒါဆို စေတန်ကကော Linux ကိုဘာလို့သုံးနေတာလဲ။

ကျွန်တော်အပေါ်မှာ ပြောထားပြီးသားလေ။ ဇော်ဂျီ keyboard ကြောင့်ပေါ့။ မြန်မာနိုင်ငံမှာက Windows နဲ့ Linux က ဈေးတူတူပဲ ။ ဒါကြောင့်လည်း Windows ကိုသုံးတာပေါ့။ အခုနေ copy right ပေါ်လာလို့ Linux ကိုပြောင်းမယ်ထင်လား။ မထင်နဲ့။ လူက ပြောင်းလဲရမှာ အသေကြောက်တာ။ Windows ကို ဈေးဘယ်လောက်ကြီးကြီး ဝယ်သုံးမှာပဲ။ ကျွန်တော်လည်း ဝယ်သုံးမှာပဲ။ Linux ကတော့ လေ့လာဖို့အတွက်လောက်ပဲ။


ဒါဆို Windows ကဆက်လက်အောင်ပွဲခံ အုံးမှာပေါ့။

အင်း။ ဆိုလို့ရပါတယ်။ ဒါပေမယ့် Ubuntu 6.10 က စပြီး Linux သုံးတဲ့လူတွေများလာပြီ။ နောက်ပြီး fedora 7 ကိုလည်း လူတွေ စိတ်ဝင်စားလာတယ်။ SuSe က သူ့ OS ကိုထွက်ထွက်ခြင်း အလကားမပေးဘူး။ နည်းနည်းလောက်ကြာမှ ပေးတယ်။ အဲဒီကြား ဝယ်သုံးရတာပေါ့။ အဲဒါကြောင့် လူသုံးနည်းနည်းများတယ်။ SuSe က လူသုံးများတယ်။ အခု တဖြည်းဖြည်း Ubuntu လည်း လူသုံးများလာတယ်။ Windows, Mac နဲ့ ယှဉ်ရင် တော်တော်နည်းသေးတယ်။ အောင်ပွဲကတော့ ၂၀၁၀ လောက်ထိခံနိုင်လောက်တယ်။ ထင်တာပေါ့။ နောက်ပိုင်းတော့ မသိဘူး။ Windows 7 နဲ့ Microsoft က Vista အလှည့်က ကိုင်သလို ကိုင်အုံးမှာပဲ။ Vista မပေါ်ခင်က လူတွေက သတင်းကြားပြီ Linux ကိုမေ့သွားတယ်။ Vista ထွက်ပြီးနောက်ပိုင်းမှ Linux ကို ပြန်လှည့်လာတာ။ သူရဲ့requirement ကမြှင့်တော့ Linux ကိုပြန်အော်ရတာပေါ့။


Read More...

Sunday, September 23, 2007

Zawgyi For Ubuntu

Ubuntu အတွက် ဇော်ဂျီ keyboard နဲ့ font installation ပါ...
တခါတည်း font နဲ့ keyboard သွင်းပေးပါတယ်..
ဒါပေမယ့် keyboard indicator တော့ ကိုယ့်ဘာသာ Add Panel ကနေထည့်ရပါတယ်..
Ubuntu အတွက်ပဲ ရည်ရွယ်ပါတယ်...
တခြားစက်တွေရမရ ကျွန်တော် မစမ်းရသေးပါဘူး...
font ကတော့ SuSe မှာ run ရင် သွင်းပေးမှာမဟုတ်ပါဘူး..
Fedora နဲ့ တခြား Linux တွေမှာတော့မစမ်းရသေးပါဘူး...
စမ်းဖို့လည်း OS မရှိပါဘူး... ဒါကြောင့်ပါ...

Download

Read More...

Saturday, September 22, 2007

Linux မှစမ်းတင်ကြည့်ခြင်း

အခု Linux Ubuntu 7.04 ကနေ post စမ်းပြီးတင်လိုက်တာပါ...
Windows Vista နဲ့ဘာကွာလဲဆိုတော့တော့ ကျွန်တော် နောက်မှ အေးအေးဆေးဆေး..
post တစ်ခုတင်ပါမယ်...
အခုတော့ သုံးရတာမဆိုးပါဘူး...
ကွာတာလေးတွေကတော့ တော်တော်များပါတယ်..
ကောင်းတာတွေရှိသလို.. မကောင်းတာတွေလည်း ပုံနေတာပဲ...


Read More...

Thursday, September 20, 2007

ဈေးဝယ်ထွက်ကြသော အစ်မ၊ ညီမများသို့

shopping ထွက်တတ်တဲ့ အစ်မတွေ ညီမတွေ...
သတိထားကြပါ...
အလွန်မိုက်ရိုင်းတဲ့ ကိစ္စတစ်ခု ဒီနေ့ ကြားသိခဲ့ရပါတယ်...

ကျွန်တော့်အစ်မ ဒီနေ့ အိမ်ပြန်လာတော့ ဒေါကြီးမောကြီးနဲ့..
ကျွန်တော်က ဘာဖြစ်လာတာလဲလို့မေးတော့...
ဒီလိုပြောပါတယ်..
သူ့သူငယ်ချင်း ပလာဇာမှာ အင်္ကျီသွားဝယ်တုန်းက အဝတ်လဲခန်းမှာ...
အဝတ်လဲတဲ့ ပုံတွေ အင်တာနက်မှာရော.. ဖုန်းတွေမှာပါ ရှိတယ်တဲ့..
အဲလို ပလာဇာမှာ မိန်းကလေးတွေ အဝတ်လဲခန်းမှာ..
camera တွေ တပ်ပြီး ဓာတ်ပုံတွေ ခိုးရိုက်...

ပြီးတော့ forum တွေမှာတင်...
ယောကျာင်္းဆိုတဲ့ကောင်တွေက အဲလိုကိစ္စတွေဆို..
တခြားလူတွေပါ မျှတတ်တဲ့အကျင့်...
ဖုန်းထဲမှာပုံတွေထည့်...
ဖုန်းအခြင်းခြင်း bluetooth နဲ့ချိတ်ပြီးပေး...
ပုံတွေကို share လုပ်ကြ...
ပုံတွေကြည့်ပြီး...
ပုံထဲက တစ်ယောက်ကို အပြင်မှာ မြင်တော့ ပြုံးစိစိနဲ့ကြည့်သွားကြတာ...
စဉ်းစားကြည့်ဗျာ.. အခုတစ်ယောက်က ဆေးကျောင်းက..
ဆရာဝန်ဖြစ်မယ့်သူ..
အဝတ်လဲခန်းကလဲ နောက်မှာ အဖြူရောင်ကြီးကာထား....
ဓာတ်ပုံထဲမှာတော့ background အဖြူကြီးနဲ့ပေါ့..
မသိရင် မကောင်းတာလုပ်စားနေတဲ့ မိန်းကလေး..
ဈေးခေါ်တာ ကျနေတာပဲ..
တော်တော်မိုက်ရိုင်းတဲ့ကောင်တွေ...
မြန်မာအချင်းချင်းဗျာ..
အဲလို လူမဆန်တာတော့ မကောင်းဘူး..

ဓာတ်ပုံခိုးရိုက်တဲ့ကောင်တွေ စဉ်းစားကြည့်ဗျာ...
ခင်ဗျားတို့ညီမ...
အဲ.. အဲလိုပြောရင် နာမှာမဟုတ်ဘူး..
ခင်ဗျားတို့ ကောင်မလေး...
ခင်ဗျားတို့ မိန်းမ...
ခင်ဗျားတို့ သမီး...
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ..
ခင်ဗျားတို့ ကိုယ်ချင်းစာဖို့ကောင်းတယ်..
အဲလို လူမဆန်ပဲ..
ကိုယ်ကျိုးအတွက် မလုပ်သင့်ဘူး..

နောက်ပြီး ဆိုင်တွေ...
ခင်ဗျားတို့ကော..
ဘာကြောင့် လူမဆန်တာလဲ...
ခင်ဗျားတို့ စီးပွားရေးလုပ်နေတာမဟုတ်လား..
ဝယ်သူကိုလေးစားပေါ့ဗျာ..
ခင်ဗျားတို့ ပိုက်ဆံရတယ်...
အဲလိုမျိုး camera လာတတ်ထားတဲ့ကောင်တွေက ခင်ဗျားတို့ကို ၁ပုံဘယ်လောက်နှုန်းနဲ့ ရှင်းပေးတယ်...
အဲလိုမျိုးတွေ ရှိတယ်ဆိုတာကျွန်တော်သိပါတယ်..
ခင်ဗျားတို့လည်း ကိုယ်ကျိုးအတွက်ပဲ မလုပ်သင့်ဘူး..
ကျွန်တော် ထပ်ပြောမယ်..
ခင်ဗျားတို့ ကောင်မလေး...
ခင်ဗျားတို့ မိန်းမ...
ခင်ဗျားတို့ သမီး...
အဲလို ရိုက်ခံပြီး သူများတွေကို ပုံတွေ မျှခံထိရင် ဘယ်လိုလုပ်မလဲ..

နောက်ပြီး လာဝယ်တဲ့လူတွေက မိကောင်းဖခင်သားသမီးတွေ....
အရင်ကဆို အဲလိုမျိုး ပုံတွေနဲ့...
မိကောင်းဖခင်သားသမီးတွေကို ငွေညှစ်...
ဖျက်စီးခဲ့တဲ့ အဖြစ်တွေရှိတယ်...
ကျွန်တော်သိတယ်..
မပြောချင်ဘူး.. ပြောလို့လည်းမကောင်းဘူး..
နောက်ပြီး ကျွန်တော့်မှာ သက်သေလည်းမရှိဘူး..
ဘာပဲ ပြောပြော ကိုယ်ချင်းစာတရား..
မျိုးချစ်စိတ်ဓာတ်လေး နည်းနည်းလောက် ထည့်ကြပါ...

အစ်မတွေ.. ညီမတွေလည်း...
အင်္ကျီ ဝယ်တဲ့အခါ...
သတိထားပါ...
အပေါ်ကနေပဲ ထပ်ဝတ်ကြပါ...
အဲလိုပဲ တခြား စကပ်တို့ ဘောင်းဘီတို့ဝယ်လည်း သတိထားပါ..
မြန်မာနိုင်ငံမှာ နည်းပညာခုတုံးလုပ်ပြီး..
လုပ်စားနေတဲ့ကောင်တွေ ရှိတယ်..

အစ်မကမေးတယ်...
ဘယ်လိုလုပ်သင့်လဲဆိုတော့..
ကျွန်တော်က ပြောလိုက်တယ်..
တရားစွဲပေါ့..
တရားမစွဲခင် အမျိုးသမီးရေးရာကို တိုင်...
တရားစွဲဖို့ ဆိုင်မမှတ်မိရင် ပလာဇာကို တရားစွဲဗျာ...
တစ်ရှက်ကနေ နှစ်ရှက်ထက်...
တခြားလူတွေ အဲလိုမဖြစ်ဖို့လိုတယ်ထင်တယ်...
အဲလိုပဲ ပြောလိုက်တယ်..
အစ်မလည်း ပြန်ရောက်ကတည်းက..
ပါးစပ်က တတွတ်တွတ်နဲ့ ထိုင်ဆဲနေတာ..
ဆဲလို့ဘာလုပ်လို့ရမှာလဲ...
ဒါကြောင့် ကျွန်တော်လည်း ဒီမှာရေးလိုက်တာ..

အစ်မတွေ..ညီမတွေ... သတိထားပြီး ဈေးဝယ်ကြပါ...

Read More...

နည်းနည်းလောက်ပြောပြရစေ...

အော်.. မြန်မာတွေ.. မြန်မာတွေ...
လူတကာရှေ့မှာ ကိုယ်က အရမ်းတော်..
အရမ်းတတ်... ပုံစံဖြစ်ချင်နေတာလား..
ဘာလဲဗျာ.. open source ကိုယူသုံးရင် ယူသုံးထားတယ်ပေါ့ဗျာ..
ကိုယ်က နည်းနည်းပါးပါးလေး လိုတာလေးပဲ ပြင်ရင်ပြင်တယ်ပေါ့..
တချို့ opensource တွေက ဝယ်ရတာတွေလည်းရှိတယ်...

အဲ.. ဘာလဲဗျ.. အောက်ဆုံးမှာ.. ကိုယ့် website နာမည်လေးနဲ့ copyright © လေးနဲ့...
တော်တော်ရယ်ရတဲ့ မြန်မာတွေ... ကိုယ်ကဖြင့် သူများ opensource ကိုယူပြီး ကိုယ်တိုင်ဆွဲထားတာလေး ဘာလေးနဲ့..
ဟန်ပြလုပ်တဲ့ site တွေကရှိတယ်.. ဘာဖြစ်လည်းဗျာ.. တခြားလူတွေလာမေးတော့...
ငါက ဒီ web software သုံးထားတာ.. ဒါမှ မဟုတ်... web software ဝယ်သုံးထားတာ...
အဲလိုလေးပြောပေါ့.. အောက်မှာ © ကြီးတပ်ထားပြီးတော့..
ကိုယ်တိုင်လုပ်ထားတာ.. ကိုယ်တိုင်ဆွဲထားတာဆိုပြီး လုပ်ကြတာတွေ...
နောက်ပြီး ကိုယ် သုံးထားတဲ့ software ရဲ့ နာမည်နဲ့ သူ့ link တွေပါ သူများတွေ မသိအောင်..
ကိုယ့် site ထဲမှာ မပေါ်အောင် ဖျက်ပစ်...
ဥပမာဗျာ.. joomla ဆိုလည်း Joomla Template From Joomla Art ဆိုပြီး Joomla Art က ထုတ်တဲ့ Template တွေမှာပါတယ်..
အဲ.. မြန်မာတွေကလည်တယ်. .အဲဒါကြီးကို ဖျက်.. mysite©2007 ဆိုပြီး လုပ်ပစ်တာ..
ဟားဟားဟား... တကယ်ဗျာ.. လူတတ်ကြီးတွေ လုပ်နေကြတယ်...
padonma မှာက admin လုပ်နေတဲ့ monster of rock ကို private message မဟုတ်ဘူး..
forum မှာကို မေးတာ.. သူကဖြေတယ်ဗျ.. ဘာsoftware သုံးထားတယ်ဆိုတာ..
အဲလိုမျိုးပဲ မြန်မာမိသားစု က admin ကိုရဲနောင် ကလည်း ဘာ software သုံးထားတယ်ဆိုတာကို..
တချို့ နာမည်ကြီး site တွေက software သုံးထားပြီးတော့ မသုံးထားတဲ့ style နဲ့ လူနေတာတွေ မြန်မာ site တော်တော်များများမှာတွေ့ရတယ်..
ဘာဖြစ်လို့ သူများ copyright ကို ဖြုတ်.. ကိုယ့် site copy wirte ကြီးတပ်တာလဲဗျာ..
သူများတွေ အထင်သေးမှာဆိုးလို့လား...
ဒါမှ မဟုတ်လူအထင်သေးမှာဆိုးလို့လား..
ကျွန်တော့် MYSTERY ZILLION, mmopenlibary နောက်လာမယ့် လုပ်နေဆဲ site တွေမှာလည်း သူတို့ရဲ့ စေတနာကိုလေးစားတယ်..
သူတို့ရဲ့ ပညာကိုလေးစားတယ်..
သူတို့ရဲ့ open source ကြောင့် ဒီလိုလေး လုပ်နိုင်တယ်...
အဲလို စိတ်ကျွန်တော်ထားတယ်.. ဘယ်တော့မှ ကျွန်တော် အောက်ဘက်က သူတို့ရဲ့ copyright စာသားတွေ...
သူတို့ site link ကိုမဖြုတ်ဘူး..
ဖြုတ်စရာလည်း မလိုဘူး.. တခြားလူတွေလည်း link ကိုတွေ့လို့ နှိပ်မိပြီး ကြိုက်ရင် လေ့လာလို့ရအောင်ပေါ့..

ဒါကြောင့် သူများ software ယူသုံးထားတာ ရှက်စရာမဟုတ်သလို..
သူတို့ကိုလည်း လေးစားဖို့လိုတယ်..
ကိုယ့်ဘာသာကိုယ် copyright လေးထည့်ချင်ထည့်ပေါ့..
ကိုယ်သုံးတဲ့ web software သူများသိတော့ကော ဘာဖြစ်လည်း...
ကိုယ့်ကို အထင်မသေးပါဘူးဗျာ..
ကိုယ့် စေတနာကို သူတို့ နားလည်ပါတယ်...
ဘာကြောင့် ကိုယ်သုံးထားတဲ့ software ရဲ့ အောက်က link လေးကို ဖြုတ်လိုက်တာလဲဗျာ...

Read More...

Wednesday, September 19, 2007

CSS Menu

CSS Menu တွေလိုချင်ရင်တော့



  1. http://e-lusion.com/design/menu/


  2. http://www.exploding-boy.com/2005/12/21/more-free-css-navigation-menu-designs/


အဲမှာ download ချပြီး code ပြင်ရုံပါပဲ...

Read More...

Monday, September 17, 2007

Ubuntu နဲ့ တနေ့တာ

ရဲလေးရဲ့ အချစ်ရဲ့ တနေ့တာမဟုတ်ပါဘူး...
ရဲလေးရဲ့ အချစ်ရဲ့ တနေ့တာမှာ သူ့မိန်းမ(ရည်းစားလားတော့မသိပါ) နဲ့ Access လုပ်ဖို့ကြိုးစားတယ်...
ရန်တွေဖြစ်ရတယ်.. စိတ်တွေညစ်ရတယ်..
ကျွန်တော့်ရဲ့ Ubuntu Linux နဲ့ တနေ့တာကတော့ Inernet ကို Access လုပ်ဖို့ကြိုးစားတယ်..
မရဘူး.. စိတ်တွေတိုရတယ်.. စိတ်တွေရှုပ်ရတယ်..
ခေါင်းတွေ စားရတယ်..

ဒီနေ့လည်း စိတ်ကတော်တော်ကုန်တာပဲ...
လူတော်တော်များများက Ubuntu ကိုသုံးကြည့်လို့ ပြောလွန်းလို့ စမ်းလိုက်ပါတယ်...
ရွာပတ်တာပဲ...
သူ့ Install ပုံစံက Fedora , SuSe လိုမျိုးမဟုတ်ဘူး...
တကယ်ဗျာ.. ခပ်လန့်လန့်နဲ့ install သွင်းလိုက်တာ..
ကျွန်တော့် Vista ပျက်ရင်သေပြီပေါ့..
ဒီလိုပဲ.. စမ်းရင်းနဲ့ သွင်းလို့ပြီးသွားပါတယ်..
မြန်လည်မြန်တယ်...
စစမ်းကာစတော့ ဟုတ်နေတာပဲ...

Ubuntu က SuSe ထက် သာမန် user တစ်ယောက်သုံးရတာလွယ်တာပေါ့...
နောက်ပြီး လှလည်းလှတယ်... မဆိုးဘူးပေါ့ဗျာ..
သုံးရတာမိုက်တယ်ပေါ့...
မကြာပါဘူး... ပြသနာစပါတော့တယ်..
SuSe မှာတော့ internet မချိတ်ဘူးဖူး..
Fedora တုန်းကလည်း ကျွန်တော့် moderm ကိုမသိဘူး..
အခုဖြစ်ပြန်ပြီ Ubuntu ကလည်း moderm ကိုမသိ...
root နဲ့ကဝင်လို့မရ...
permession တွေက Fedora နဲ့ SuSe လိုမဟုတ်...
terminal ကနေ ဝင်ပြင်နေရတယ်...
SuSe နဲ့ Fedora တုန်းကဆို permission တွေ ခေါင်းစားစရာမလိုဘူး..
root နဲ့ဝင်လိုက်ရှင်းတယ်..
အခုက နည်းနည်းတော့ ရှုပ်သွားတယ်..
နည်းနည်း စာပိုရိုက်လိုက်ရတာပေါ့ဗျာ..

Font ထည့်ရတာတော့လွယ်တယ်.. SuSe က font အသစ်ထည့်ရတာ ရှုပ်တယ်..
ကျွန်တော် မသိလို့လဲ ဖြစ်မှာပေါ့..
ကျွန်တော် SuSe တုန်းက font ကို Terminal ကနေထည့်ရတယ်..
Ubuntu မှာတော့ မဆိုးဘူး..
/usr/share/fonts/ttf အောက်မှာ Paste လုပ်လိုက်ရင်ရပြီ..
နေရာက နည်းနည်းတော့ လွဲနေမယ်..
မမှတ်မိတော့လို့...

အစကတော့ Ubuntu နဲ့ internet သုံးပြီး ကြွားမလို့ပဲ..
အခုတော့ တနေ့ကုန်သွားတယ်..
ရသေးဘူး..

အစက configure တွေလိုက်ပြင်..
proxy address တွေထည့်မရဘူး..
ဟိုဖတ်ဒီဖတ်ရင်း Gnome PP ဆိုလားမသိဘူး..
အဲဒါနဲ့ စမ်းကြည့်တဲ့...
သူက Proxy Configure လုပ်တာ...
user name တွေ pwd တွေအဲမှာထည့်...
Proxy address တွေအဲမှာထည့်တဲ့...
ကဲ..
ဟုတ်ပြီဗျာ..
စမ်းမယ်ဆိုပြီး အဲဒါကို သွင်းပြီး add/remove ထဲသွားလိုက်တယ်..
Install လည်းသွင်းရော...
ကောင်းရောဗျာ..
Internet Connection လိုပါတယ်တဲ့...
Install သွင်းဖို့..
ကျွန်တော့်မှာ တဟားဟားနဲ့ Computer ရှေ့မှာ ထိုင်ရယ်နေတာ...
တကယ်ဗျာ..
Internet ချိတ်ဖို့ Install လုပ်ပါတယ်ဆိုမှ...
Internet Connection ရှိမှ Install လုပ်လို့ရမယ်ဆိုတော့...
ဘာလုပ်ရမှန်းမသိဘူး ဖြစ်သွားတယ်..
နောက်တော့ သေသေချာချာ စာတွေ ပြန်ဖတ်...
နောက်ဆုံးတော့ Moderm ကိုမသိတာဖြစ်နေတယ်..
ကဲ ဘာဆက်လုပ်ရမလဲ..

ကျွန်တော့် moderm က D-Link (DFM-562IS) Internal Moderm ကိုမသိဘူး...
Internet မှာရှာတော့လည်း Windows XP အတွက်ပဲရှိတယ်..
Linux ကရှာမရ...
နောက်ဆုံးတော့လည်း Vista ကိုပြန်လာခဲ့ရတာပဲ..
Vista ကနေပဲ internet ပြန်သုံးနေရပါတယ်...

Read More...